စာတွေမမေ့အောင် ဘယ်လိုမှတ်မလဲ

ကျက်တော့ကျက်လိုက်တာပဲ… ဒါပေမယ့် မေ့သွားပြီ
ဒီလိုအခြေအနေမျိုး ခဏခဏကြုံနေရပြီဆိုရင်တော့ ကိုယ့်ရဲ့မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်စေဖို့ ဒါမျိုးလေးတွေ လိုက်လုပ်ကြည့်ပါ circle learners တို့ရေ…

Write things down
ကိုယ်အဓိကမှတ်သားဖို့လိုတဲ့အကြောင်းအရာတွေကို စာနဲ့ချရေးထားပါ။

Little and often
တစ်ခါမှတ်ရင် နည်းနည်းလေးနဲ့ အကြိမ်ရေများများမှတ်သားပါ၊ စာကျက်ရင်လည်း နည်းနည်းကျက်၊ ခဏခဏမှတ်ပေါ့။Say things out loud
ကိုယ်မှတ်ထားတဲ့အကြောင်းအရာတွေကို ပြန်ပြောပါ။

Ask why
ရိုးရိုးမှတ်သားနေတာထက် ဘာဖြစ်လို့ ဒါက ဒီလိုဖြစ်တာလဲ? ဒီလိုဆိုရင်ရော မရဘူးလား asking လုပ်ပါ။

Make it a story
စာကျက်တဲ့အခါ ဘလာဘလာလျှောက်အော်ကျက်နေတာထက် ပုံပြင်လေးတစ်ခုလိုစဥ်းစားပြီးကျက်တာက ပိုရလွယ်ပါတယ်။

Test Yourself
ကိုယ့်ကိုယ်ကိုယ် စာရမရပြန်စစ်ဆေးဖို့/ အလွတ်ချရေးဖို့လည်း မမေ့ပါနဲ့။

Teach it to someone else
အခြားသူကို စာပြန်ရှင်းပြတာမျိုး၊ ပြန်သင်ပေးတာမျိုးလုပ်ခြင်းကလည်း သင့်ကို စာပိုမှတ်မိစေပါတယ်။

Drink water, get enough sleep
ရေများများသောက်၊ လုံလုံလောက်လောက် အိပ်စက်အနားယူပြီး Healthy lifestyle ​မှာ နေထိုင်ပါ။

ကဲ… ဒီအချက်တွေကတော့ Learners လေးတို့ရဲ့ မှတ်ဉာဏ်စွမ်းအားကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ပေးနိုင်မယ့် အချက်လေးတွေပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *